၁။ လင်နဲ့မယား ပြိုင်တူသေဆုံးရင်
သားသမီးမရှိတဲ့ လင်မယားနှစ်ယောက် အမှတ်တမဲ့ ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ပြီး တစ်ပြိုင်တည်း ပျက်စီးခဲ့ရင် ဒါမှမဟုတ် တစ်ယောက်သေဆုံးပြီး (များမကြာမီ) ကျန်တစ်ယောက် သေဆုံးရင် အမွေခန်း တရားဥပဒေအနေနဲ့ တစ်နည်းတစ်ဖုံ ဖြစ်သွားတတ်တယ်။ ဒီလို သေဆုံးရင် အမွေ ဆက်ခံရေးကိစ္စမှာ အခြေခံမူတွေနဲ့ မသက်ဆိုင်တော့ဘူးလို့ ဆိုရမယ်။ ဒီလို အမှုမျိုး အတွက် အမွေဆက်ခံရေး ဥပဒေဟာ တသီးတခြားလို့ ဆိုရမယ်။
လင်နဲ့မယား တစ်ယောက်သေဆုံးပြီး(များမကြာမီ) နောက်တစ်ယောက် သေဆုံးရင် သူတို့နှစ်ဦး ပိုင်ဆိုင်တဲ့ပစ္စ္စည်းတွေဟာ သူတို့နှစ်ဦးပိုင်ဆိုင်တဲ့ပစ္စည် အဖြစ် ကျန်ရစ်တယ်။
တစ်ယောက် သေပြီးတဲ့နောက် အတန်ကြာမှ နောက်တစ်ယောက် သေရင် ကျန်ရှိတဲ့ ပစ္စည်ဟာ နောက်မှ သေတဲ့ တစ်ဦးတည်းသော ပစ္စည်း ဖြစ်သွားတယ်။ အလျင်သေဆုံးသူနဲ့ လုံးဝ မသက်ဆိုင်တော့ဘူးလို့ ဆိုရမယ်။
သားသမီးမရှိတဲ့ လင်မယားနှစ်ယောက် တစ်ပြိုင်တည်းဖြစ်ဖြစ်၊ (များမကြာမီ) ဖြစ်ဖြစ် သေဆုံးကြရင် နှစ်ဖက်မိဘတွေက ကွယ်လွန်သူတို့ရဲ့ အမွေကို အညီအမျှ ခွဲဝေယူကြရတယ်။ မိဘတွေ မရှိရင် လင့်ဘက်က ဆွေမျိုးနဲ့ မယားဖက်က ဆွေမျိုးတွေ အညီအမျှ တစ်ဝက်စီ ဝေယူကြရမှာ ဖြစ်တယ်။
(များမကြာမီ) ဆိုတာ တစ်လ ဒါမှမဟုတ် အကြောင်းထူးအတွက် တစ်လထက် ရက်အနည်းငယ် ကျော်တဲ့ အချိန်ကာလကို ဆိုလိုတာဖြစ်တယ်။
နှစ်ဖက်ဆွေမျိုးတွေအနက် တစ်ဖက်မှာရှိတဲ့ ဆွေမျိုးက ဘယ်လောက်ပဲ ရင်းချာနီးစပ်တဲ့ ဆွေမျိုးဖြစ်စေဦးတော့ မျိုးဆက်ဝေးကွာံလှတဲ့ တစ်ဖက်က ဆွေမျိုးကို မပယ်ထုတ်နိုင်ဘူး။ တစ်ဖက်က ရင်းချာတဲ့ ဆွေမျိုးနဲ့ တစ်ဖက်က ဝေးကွာလှတဲ့ ဆွေမျိုးတို့ တစ်ဝက်စီ အညီအမျှ အမွေရကြဖို့ပဲ။
သူတို့အချင်းချင်း အမွေခွဲဝေရင် တစ်ဦးချင်းအနေနဲ့ အညီအမျှ ခွဲဝေယူကြရမယ်။
လင်နဲ့မယားဟာ ငါးရက်ခြားပြီး ပျက်စီးသွားကြတယ်။ မယားဘက်မှာ ညီမတစ်ယောက်နဲ့ မောင်တစ်ယောက် ကျန်ရစ်တယ်။ လင်ဘက်မှာ တူနဲ့ တူမတွေ ကျန်ရစ်တယ်။ နှစ်ဖက်ဆွေမျိုးတွေက အမွေလုကြတဲ့အခါ လင့်ဘက် ဆွေမျိုးတစ်ဝက်၊ မယားဘက် ဆွေမျိုးတစ်ဝက် ရရှိကြတယ်။ သာမန်အားဖြင့် ဆိုရင် ညီမနဲ့ မောင်ဟာ တူနဲ့ တူမ တွေကို အမွေက ပယ်ထုတ်နိုင်လောက်အောင် ရင်ချာတဲ့ ဆွေးမျိုးတွေပဲ ဖြစ်တယ်။
၂။ အိုနာစာ ရန်ပုံငွေ
မြန်မာ ဗုဒ္ဓဘာသာတွေအနေနဲ့ သေတမ်းစာနဲ့ မိမိပစ္စည်းကို ပေးလိုသူကို ပေးခွင့်မရှိပေမယ့် အိုနာစာရန်ပုံငွေ အက်ဥပဒေ ၅ အရ အိုနာစာ စုသူ တစ်ယောက်ဟာ စုငွေကို မိမိသေဆုံးတဲ့အခါ ရယူစေလိုတဲ့ ပုဂ္ဂိုလ်ကို နည်းဥပဒေနဲက အညီ ကြိုတင်ပြီး အမည်တင်သွင်းထားနိုင်ခွင့် ရှိတယ်။ ဒီလိုပြုလုပ်တာ မြန်မာဓလေ့ထုံးတမ်း အမွေခန်းဥပဒေနဲက ဆန့်ကျင်ပေမယ့် အစိုးရဟာ ပြဌာန်းထားတဲံ ဥပဒေဖြစ်လို့ ဓလေ့ထုံးတမ်း ဥပဒေကို လွှမ်းမိုးနိုင်တဲ့အတွက် ကြောင့်ပဲ။
မီးရထားဌာနမှာ အလုပ်လုပ်တဲ့ မြန်မာဗုဒ္ဓဘာသာတစ်ယောက်ဟာ မယားရှိလျက် အိုနာစာနဲက ရန်ပုံငွေရဲ့ အကျိုးခံစားခွင့်ကိုနှမ ဖြစ်သူရဲ့အမည်နဲ့ ထားခဲ့တယ်။ အဲ့ဒီပုဂ္ဂိုလ်သေဆုံးတဲ့အခါ သူစုဆောင်းထားတဲ့ အိုနာစာရန်ပုံငွေအတွက် မယားနဲ့ နှမတို့ တရားဖြစ်ကြတယ်။ အိုနာစာရန်ပုံငွေ အက်ဥပဒေ ပုဒ်မ ၅ အရ ငွေစုသူရဲ့ သဘောနဲ့ ရန်ပုံငွေရဲ့ အကျိုးခံစားခွင့်အတွက် အမည် တင်သွင်းတာဖြစ်လို့ နှမဖြစ်သူ ကအမှုမှာ အနိုင်ရရှိတယ်။
အိုနာစာရန်ပုံငွေ အက်ဥပဒေ ပုဒ်မ ၇(၁) အရ အိုနာစာ စုသူတစ်ယောက် ဟာငွေကို မိမိသေဆုံးတဲ့အခါ ရယူလိုသူ တစ်ဦးဖြစ်ဖြစ် ကြိုတင်ပြီး အမည်တင်သွင်းထားခွင့် ရှိတယ်။
ဒါပေမယ့် ဒီလို အမည်စာရင်း တင်သွင်းတဲ့ အချိန်မှာ အိမ်ထောင်ရှိသူ ဖြစ်ရင် မိမိရဲ့ အိမ်ထောင်ဘက် သားသမီးစတဲ့ မိသားစုမှတစ်ပါး တခြားသူ တွေရဲ့ အမည်ကိုတင်သွင်းခွင့် မရှိဘူး။
အမည်စာရင်းတင်သွင်းတဲ့အချိန်က အိမ်ထောင်မရှိသေးလို့ တစ်ဦးတစ်ယောက်ရဲ့ အမည် တင်သွင်ထားခဲ့တောင်မှ အိမ်ထောင်ပြုတာနဲက တစ်ပြိုင်တည်း အဲဒီအမည် တင်သွင်းခြင်းဟာ အလိုအလျောက် ပျက်ပြယ်သွားတယ်။
အကြောင်းကတော့ ရန်ပုံငွေ နည်းဥပေဒေပုဒ်မ ၇(၅) (၇၊ ၁၂၊ ၅၉) နေ့ အထိ ပြင်ဆင်ချက်အရနဲ့ ပုံစံဂျီပီအက်ဖ် ၄၂ တို့အရတင်သွင်းရတာဖြစ်လို့ ပုံစံ ၄၂ မှာ အိုနာစာ စုနေသူ အနေနဲ့ မိသားစုရရှိခဲ့ရင် အမည် တင်သွင်းခြင်း ဟာ ပယ်ဖျက်ပြီး ဖြစ်စေရမယ်လို့ အတိအလင်း ဖော်ပြထားလို့ပဲ။
၃။ အသက်အာမခံငွေ
အသက်အာမခံကိစ္စမှာလည်း အိုနာစာရန်ပုံငွေနည်းတူ အမှုအခင်းတွေမကြာခဏ ဖြစ်လေ့ဖြစ်ထရှိတဲ့အတွက် အမှုအခင်းတွေမဖြစ်ပွားဖို့ ရည်ရွယ်ပြီး အစိုးရက (ပြည်ထောင်စု အာမခံစနစ် အဖွဲ့ဥပဒေ) ကို ၁၉၅၀ ခုနှစ်မှာပြဌာန်း
အတည်ပြုခဲ့တယ်။
အဲ့ဒီ အက်ဥပဒေပုဒ်မ ၁၅ မှာအောက်ပါအတိုင်း ပါရှိတယ်။
၁။ ဥပဒေ၌သော်လည်းကောင်း၊ ဥပဒေကဲ့သို့ပင် အာဏာတည်သော ဓလေ့ ထုံစံ၌သော်လည်းကောင်း မည်သို့ပင် ဆိုထားစေကာမူ ဤဥပဒေအရ ပြုသည့် အသက်အာမခံပေါ်လစီ လွှဲပြောင်း ပေးခြင်းမှာ မပြုမနေရ ဖြစ်ရမည့်အပြင်၊ ဆိုခဲ့သည့် လွှဲပြောင်းပေးခြင်း သည် မည်သည့် စည်းကမ်း ချက် ပါရှိစေကာမူ ဆိုခဲ့သည့် ဥပဒေကြောင့်သော်လည်းကောင်း၊ ဆိုခဲ့သည့် ဓလေ့ထုံစံကြောင့် သော်လည်းကောင်း မပျက်စေရ။
ခြွင်းချက်။ (က) သို့ရာတွင် မိသားစုရှိသော် ဤဥပဒေအရ အာမခံထားသူ တစ်ဦးသည် မိမိ၏ မိသားစု၌
မပါသောသူအား ဆိုခဲ့သည့် လွှဲပြောင်းပေးခြင်းကို မပြုရ။
(ခ) ထို့ပြင် မိသားစုမရှိသော် ဤအက်ဥပဒေအရ အာမခံ ထားသူ တစ်ဦးသည် မည်သူ့အတွက်မဆို၊ ဆိုခဲ့သည့် လွှဲပြောင်းပေခြင်းကို မိမိသဘောအလျောက် ပြုနိုင်သည်။
၂။ ပုဒ်မခွဲ(၁) ခြွင်းချက် (ခ) အရ အာမခံထားသူက ပြုသည် ဆိုခဲ့သော လွှဲပြောင်းပေးခြင်းသည် ထိုသူ အိမ်ထောင်ပြုသည်ဆိုခဲ့သော လွှဲပြောင်းပေးခြင်းသည် ထိုသူ အိမ်ထောင်သည်နှင့် တစ်ပြိုင်နက် အလိုအလျောက် ပျက်သည်ဟု မှတ်ယူရမည်။
၃။အာမခံထားသူသည် ဤအက်ဥပဒေအရ ပြုသည်ဆိုခဲ့သော လွှဲပြောင်းပေးခြင်းကို အဖွဲ့က ပြဋ္ဌာန်းသည့် စည်းကမ်းချက်များ အတိုင်း ပြင်နိုင်သည်။ သို့တည်းမဟုတ် ပယ်ဖျက်နိုင်သည်။
ဤပြင်ဆင် အက်ဥပဒေအရ 'မိသားစု' ဆိုသည်မှာ-
၁။ ဤအက်ဥပဒေအရ အာမခံထားသူသည် ယောက်ျားဖြစ်လျှင် ထိုသူ၏ တရားဝင်မယားနှင့် ကလေးများ။
၂။ ဤအက်ဥပဒေအရ အာမခံထားသူသည် မိန်းမဖြစ်လျှင် ထိုသူ၏ တရားဝင် လင်နှင့် ကလေးများ။
၃။ ဤအက်ဥပေဒေအရ အာမခံထားသူ၏ မိခင်၊ ဖခင်။
၎။ ဤအက်ဥပေဒေအရ အာမခံထားသူက မှီခိုအားထားနေ သည့် နီးစပ်သော ဆွေမျိုးညာတိများ ပါဝင်သည်။
ကျောင်းဆရာတစ်ဦးဟာ မတင်လှဆိုသူနဲ့ အိမ်ထောင်ကျတယ်။ အိမ်ထောင်မကျမီ အာမခံထားရာမှ မိခင်ဒေါ်ဂေါက်အမည်နဲ့ လွှဲပြောင်းပေးထားခဲ့တယ်။ ဒီလို လွှဲပြောင်းပေးပြီးနောက်ကျမှ မတင်လှနဲ့ အိမ်ထောင်ကျခဲ့တယ်။ မတင်လှနဲ့ အိမ်ထောင်ကျပြီး ကျောင်းဆရာ ကွယ်လွန်သွားခဲ့တယ်။ ကွန်လွန်တဲ့ အခါ အသက်အားမခံငွေနဲက ပတ်သက်ပြီး ဇနီး မတင်လှကတစ်ဖက်၊ မိခင် ဒေါ်ဂေါက်တစ်ဖက် အမှု ဖြစ်ပွားတယ်။
ခရိုင်တရားသူကြီးရုံးက ပြည်ထောင်စု အာမခံစနစ် အက်ဥပဒေ ၁၅(၂) ကို ကိုးကားပြီး မူလက အိမ်ထောင်မရှိသူအနေနဲ့ အိမ်ထောင်ပြုတာနဲ့ တစ်ပြိုင်နက် မူလက လွှဲပြောင်းခဲ့တဲ့ ကိစ္စဟာ အလိုအလျောက်ပျက်တယ်လို့ ဆုံးဖြတ်ပြီး မယားကို အနိုင်ပေးတယ်။ ဒါပေမယ် တရားရုံးချုပ်ကို ရောက်တဲ့အခါ ခရိုင်တရာမ တရာသူကြီး ကိုးကားတဲ့ ပုဒ်မဟာ ပုဒ်မ ၁၅(၁) (ခ) အရ မိသားစုမရှိတဲ့သူနဲ့သာ သက်ဆိုင်တယ်။ ဒီအမှုမှာ ကျောင်းဆရာရဲ့ မိခင်ဟာ ဒီဥပဒေမှာ ဖော်ပြထားတဲ့ 'မိသားစု' စာရင်းမှာ ပါဝင်သူဖြစ်တယ်လို့ အကြေားင်းပြပြီး မိခင် ဒေါ်ဂေါက်ကို အနိုင်ပေးလိုက်တယ်။
နိုင်ငံတော် တရားသူကြီးချုပ် ဦးဆောင်တဲ့ စုံညီခုံရုံးက ကြားနာပြီးတဲ့ နောက် မတင်လှ၇ဲ့ အယူခံအမှုကို ပလပ်ခဲ့တယ်။ စုံညီခုံရုံး စီရင်ချက်မှာ ပုဒ်မ ၁၅ ဟာ ဓလေ့ထုံးတမ်း ဥပဒေကို လွှမ်းမိုးတဲ့အတွက် အဲ့ဒီ ဥပဒေအရ တရာဝင်လွှဲပြောင်းခြင်း ခံရသူသာ အသက်အာမခံ ပေါ်လစီရဲ့ အကျိုးကို ခံစားခွင့်ရှိတယ်။ မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ မတင်လှဟာ ကွယ်လွန်သူ ကျောင်းဆရာရဲ့ ဇနီးအဖြစ် အမွေခံ အမွေစား မှန်ဦးတော့ ခင်ပွန်းသည်ရဲ့ အသက်အာမခံအပေါ်လစီ အကျိုးခံစားခွင့် သက်ဆင်းရာလမ်းကြောင်းကို အထူး ဥပဒေအရ အတိအလင်း သတ်မှတ်ပြီး ဖြစ်တဲ့အတွက် အကျိုးခံစားခွင့်နဲ့ ပတ်သက်ပြီး အမွေဆက်ခံခွင့် မရနိုင်ဘူးလို့ ဖော်ပြထားတယ်။

လင်သေပစ္စည်းကိုမယားကတန်းပိုင်လားဟင်
ReplyDelete