Monday, September 17, 2012

သူစိမ်းနဲ့ အမွေဆက်ခံရေး

သူစိမ်းနဲ့ အမွေဆက်ခံရေး
သူစိမ်းဆိုတာ သွေးသားမတော်စပ်တဲ့ လူတစ်ယောက်။ ဒါမှမဟုတ် ဆွေမျိုး ဖြစ်ပေမယ့် သာမန်အမွေခံ လမ်းကြောင်းမှာ မရှိတဲ့ ဆွေမျိုးတစ်ယောက်။ ဒါမှ မဟုတ် အမွေခံ အမွေစားပင် ဖြစ်ပေမယ့် အကြောင်းကြောင်းကြောင့် အမွေဆက်ခံခွင့် ဆုံးရှုံးနေသူကို ဆိုလိုတာဖြစ်တယ်။
    သေသူရဲ့ အမွေကို ဆက်ခံသင့်သူတွေ အနေနဲ့ သေသူကို တမင်သက်သက် စွန့်ပစ်ထားတာမျိုး၊ ဒါမှမဟုတ် မေ့လျော့ထားတာမျိုး ထင်ရှားမှသာ သေသူ နာမကျန်းချိန် ပြုစုစောင့်ရှောက်ပြီး သေဆုံးတဲ့အခါ အသုဘကိစ္စ ဆောင်ရွက်တဲ့ သူက အမွေ ဆက်ခံနိုင်တယ်။
   သာစဉ်နာစဉ် ပြုစုစောင့်ရှောက်သင့်တဲ့ သာမန်ဆွေမျိုးဝတ်နဲ့ သံယောဇဉ်တွေကို သေသူရဲ့ အမွေခံတို့ က သိလျက်နဲ့ တမင်သက်သက် မေ့လျော့ပျက်ကွက်ကြောင်းထင်ရှားရင် သေသူကို ထောက်ပံ့ပြုစုပြီး သင်္ဂြိုဟ် တဲ့သူစိမ်းက တမင်သက်သက် မေ့လျော့ပျက်ကွက်ထားတဲ့ သူကို အမွေမှ ပယ်ထုတ်နိုင်တယ်။ သူစိမ်းအနေနဲ့ သေသူရဲ့အမွေ ဆက်ခံနိုင်ဖို့အတွက် မကျန်းမာစဉ်သာမက ကျန်းမာနေစဉ်မှာလည်း ပြုစုဖို့ လိုအပ်တယ်။
   သေဆုံးသူကို ပြုစုစောင့်ရှောက်နေတဲ့ သူစိမ်းဟာ အခစားလုပ်သူဖြစ်လရင် သေသူရဲ့ အမွေကို မဆက်ခံနိုင်ဘူး။
   သေသူရဲ့ အမွေခံ အမွေစားတွေအနေနဲ့ သေူသူကို ဆွေခန်းမျိုးခန်း ပြတ်တယ်လို့ဆိုရအောင် တမင်သက်သက် ၇ည်စူးပြီး စွန့်ပစ်ထားကြောင်း ထင်ရှားအောင်မပြနိုင်ရင် သေဆုံးသူကို ပြုစုစောင့်ရှောက်တာမျိုး၊ သင်္ဂြိုဟ်တာမျိုး စတဲ့ အချက်တွေ အရေးမကြီး လျစ်လျူရှုးနိုင်တယ်။
   သေသူရဲ့ အမွေကို ညီမဖြစ်သူနဲ့ လင်ပါသမီးတို့ သူရထိုက် ငါရထိုက် လုကြတယ်။ သာမန်အားဖြင့်ဆိုရင် အမွေဆက်ခံထိုက်သူတို့ရဲ့ အစီအစဉ်မှာ လင်ပါသမီးဟာ ညီမထက် ရင်းချာတယ်။ ဒါပေမယ့် ဒီအမှုမှာ လင်ပါသမီးက မိထွေးကို သားသမီးတို့ ပြုဖွယ်ဝတ္တရား ဆောင်ရွက်ခြင်း မရှိတဲ့အပြင် မိထွေးဖြစ်သူ သေဆုံးခါနီးမှာ ပြုစုခြင်းမရှိဘူး။ ညီမဖြစ်သူက ၄င်းရဲ့ အစ်မကို မသေဆုံးမီ ပြုစုတယ်။ သေဆုံးတဲ့အခါ သင်္ဂြိုဟ်တယ်။ ဒီအကြောင်းပြချက်နဲ့ ညီမဖြစ်သူက အမွေရထိုက်ကြောင်းတင်ပြခဲ့တယ်။ ဒါပေမယ် တရားလွှတ်တော်က ညီမဖြစ်သူဟာ သေသူကို ပြုစုစောင့်ရှောက်တာမျိုး စတဲ့အမှုကို ပြုတာမှန်ပေမယ့်လည်း အမွေရထိုက်သူကို အမွေမှ မပယ်ထုတ်နိုင်လို့ အဆုံးအဖြတ်ပေးတယ်။
   သေသူရဲ့ ပစ္စည်းကို သူစိမ်းက အမွေဆက်ခံရနိုင်ဖို့အတွက်
 (၁)  သေဆုံးသူကို ၄င်းရဲ့  ဆွေမျိုးသားချင်တွေက ဆွေခန်းမျိုးခန်း ပြတ်စဲပြီး သိလျက်နဲ့ တမင်သက်သက် စွန့်ပစ်တာမျိုး၊ ဒါမှမဟတု မေ့လျော့တာမျိုး။
 (၂)  သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတွေက သေဆုံးသူကို သာစဉ် နာစဉ် ပြုစုစောင့်ရှောက်အပ်တဲ့ သာမန်ဆွေဝတ် မျိုးဝတ်တွေကို သိလျက်နဲ့ တမင်သက်သက် မပြုလုပ် မဆောင်ရွတ်တာမျိုး။
 (၃) သူစိမ်းအနေနဲ့ သေဆုံးသူကို ကျန်းမာစဉ်ဖြစ်ဖြစ်၊ မကျန်းမာစဉ်ဖြစ်ဖြစ် ပြုစုစောင့်ရှောက်ပြီး သေဆုံးတဲ့အခါ သင်္ဂြိုဟ်တာမျိုးဆိုတဲ့ အချက်တွေကို ထင်ရှားအောင် ပြဖို့လိုတယ်။
      သေသူမှာ အမွေဆက်ခံမယ် ဆွေမျိုးသားချင်းတွေ မရှိရင် သေသူကို ပြုစုစောင့်ရှောက်ပြီး အသူဘကိစ္စတွေ ဆောင်ရွက်တဲ့ သူစိမ်းက နိုင်ငံတော် အစိုးရထက် အမွေဆက်ခံဖို့ အခွင့်အရေးပိုရှိတယ်။
     တကယ်လို့ သေသူရဲ့ ပစ္စည်းတွေကို တ၇ားဥပဒေအရ အမွေဆက်ခံဖို့ ဘယ်သူမှမရှိရင် နိုင်ငံတော်အစိုးရက ဘဏ္ဍာတော်အဖြစ် သိမ်းယူတယ်။

2 comments:

  1. ဆရာသိချင်တာလေးမေးခွင့်ပြု့ပါ

    ReplyDelete
  2. ကျေးဇူးပြု့၍ဖြေပေးပါဆရာ
    ကျွန်တော်သိချင်တာလေးကဒီလိုပါ
    ကနော်အဖွားမှာ အမေတူ အဖေကွဲမောင်နှမ ၅ယာက်ရှိပါတယ် အကြီးဆုံအဒေါ်ကအဖေတစ်ယောက်ပါ
    နောက်ထပ်နှစ်ယောက်ကအဖေတစ်ယောက်ပါ
    ကျန်နှစ်ယောက်ကအဖေတစ်ယောက်ပါ
    အကြီးဆုံးအဒေါ်ကဖြစ်သူကအပျိုကြီးပါ
    အဒေါ်က အမေတူအဖေကွဲမောင်တစ်ယောက်ရဲ့သားကို
    ငယ်စဉ်အရွယ်သုံးနှစ်သားထဲကခေါ်ယူမွေးစားခဲ့ပါတယ်
    လူလာမြောက်တဲ့အထိပါ မွေးစားထားတဲ့တူကလည်း
    အတူနေပြီးအလုပ်ကျွေးပြု့စုခဲ့ပါတယ် ခုအဒေါ်ဆုံးသွားသော် ဆုံးသွားသူပစ္စည်များကို ကျန်ခဲ့သူ အမေတူ အဖေကွဲမောင်နှမများကပဲခွဲယူပြီး
    ငယ်စဉ်ထဲက မွေးစားခဲ့သောတူကို အမွေခွဲမပေးပါ
    အဲ့ဒါမွေစားထားသောတူအပေါ်အမွေဆင်းသက်ဖို့
    ရှိပါသလားလို့သိချင်ပါတယ်ဆရာ ကျေးဇူးပြု့၍ဖြေပေးပါဆရာ အဆရာရဲ့ဖုန်းနံပါတ်လေးပါပေးပါဆရာ

    ReplyDelete